Search from my YL CREATION

"Be Notice"

Monday, August 11, 2014

RUN Box ထဲက သတိမထားမိသော Command အချို့


ကျွန်တော်တို့ Run Box ကိုအဓိကအသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့
အချို့သော Services Mode တွေကို Delay မဖြစ်ပဲ လျှင်လျှင်မြန်မြန်နဲ့
သွားနိုင်အောင် အသုံးပြုကြတာပါ။ ဒီလို အသုံးပြုကြတဲ့အထဲမှာ အများစု
ကတော့ ရေးထားတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အများစု
မရေးထားတဲ့ အကြောင်းအရာလေးအချို့ကိုဖော်ပြချင်ပါတယ်။
အရင်ဆုံး %appdata% ဆိုတာလေးဖြစ်ပါတယ်။ သူကတော့ Program
တွေတစ်ကယ်အလုပ်လုပ်တဲ့ဖိုင်တွေကိုသိမ်းထားတဲ့နေရာဖြစ်ပါတ ယ်။
နောက်တစ်ခုကတော့ %homedrive%  နဲ့ %systemdrive%ဖြစ်ပါတယ်။
သူကတော့ သင့်ရဲ့System Partition  (C:) ကိုတန်းသွားချင်တဲ့အခါမျိုးမှာ
အသုံးပြုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ %homepath% ဖြစ်ပါတယ်။
 သူကတော့သင့်ရဲ့ System Partitoin နဲ့ ပတ်သက်သမျှ ပတ်လမ်းအားလုံး
ဖြစ်ပါတယ်။အချို့က ပြောကြတယ်ဗျ ၀င်းဒိုးတင်တော့မယ်ဆိုရင် Data တွေ
 Backup လုပ်ပြီးပြီလားဆိုသဖြင့်ပေါ့... တစ်ကယ်တမ်း Data တွေ Backup
 လုပ်မယ်ဆိုရင် အဲဒီ ပတ်လမ်းအောက်ကရှိသမျှ User Data တွေကို Backup
  လုပ်ရမှာပါ။ နောက်တစ်ခုကတော့ %logonserver% ဖြစ်ပါတယ်။ သူကတော့
Network အတွင်းမှာ ရှိနေတဲ့ မိမိကွန်ပျူတာရဲ့ Location ကိုသွားတာဖြစ်
ပါတယ်။ နောက်တစ်ခုကတော့ %systemroot% နဲ့ %windir%ပါ...သူကတော့
ဝင်းဒိုးစနစ်တစ်ခုလုံးရဲ့ အသက်ဖြစ်ပါတယ်။ Virus Creator အများစု မျက်လုံးကျတဲ့နေရာ
ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ၀င်းဒိုးစနစ်တစ်ခုလုံး ကောင်းမွန်စွာအလုပ်
လုပ်နိုင်ဖို့ အရေးကြီးသော ဖိုင်တွေအကုန်လုံးက ဒီထဲမှာ အဓိကရှိပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာကတော့ %comspec% ဖြစ်ပါတယ်။ သူကတော့
CMD ထဲကို သွားချင်တဲ့အခါမှာ Run As Administrator အနေနဲ့ တန်းပြီးသွား
တာဖြစ်ပါတယ်။အောက်ပါပုံအတိုင်းပေါ့... 


ပုံမှန်ကျွန်တော်တို့က Run Box ထဲကနေ “cmd” လို့ပဲရိုက်မယ်ဆိုရင်တော့


အထက်ပါပုံအတိုင်း User Level ထဲကိုပဲရောက်မှာဖြစ်ပီး အထက်ပါ
အတိုင်းရိုက်မယ်ဆိုရင်တော့ ပုံမှန်အားဖြင့် ကျွန်တော်တို့က Start Menu
ထဲက cmd ပြီးတော့ အဲဒါကို Right Click နှိပ်ပြီး Run As Administrator
ဆိုပြီးနှိပ်စရာမလိုပဲ တန်းပြီး ၀င်ရောက်နိုင်အောင်ဖြစ်ပါတယ်။ ကဲ.... ဒီနေ့
တော့ဒီလောက်ပါပဲဗျာ... နောက်ထပ်လည်း ကျွန်တော့်စာဖတ်ပရိတ်သတ်
တွေအတွက် စာတွေများများလေ့လာနိုင်အောင် ကျွန်တော် စာများများရေး
နေပါတယ်လို့ ပြောကြားရင်း.....

YL Creation 


2 comments:

  1. မင်္ဂလာပါ ဆရာ...
    ကျွန်တော် စကားမဆက်ပါ..မှတ်မိလား..ဆရာ
    ထိုင်းကလေ..ဆရာနေကောင်းပါစေ

    ReplyDelete
  2. မင်္ဂလာပါ ဆရာ...
    ကျွန်တော် စကားမဆက်ပါ..မှတ်မိလား..ဆရာ
    ထိုင်းကလေ..ဆရာနေကောင်းပါစေ

    ReplyDelete

မိတ်ဆွေရဲ့ မှတ်ချက်တခုဟာ ရေးသားသူအတွက်တော့  အားဆေး တခွက်ပါ